Green processing သည် အစားအသောက်ထုတ်လုပ်ရေးနယ်ပယ်တွင် စက်တစ်လုံးကို နောက်တစ်လုံးဖြင့် အသစ်အစားထိုးရုံမျှမဟုတ်ပဲ အစားအစာဘေးကင်းမှုနှင့် အရည်အသွေးကို ထိန်းသိမ်းထားပြီး စွမ်းအင်၊ ရေ၊ ဓာတုပစ္စည်းများ၊ ကုန်ကြမ်းများနှင့် စွန့်ပစ်ပစ္စည်းများကို ပိုမိုစမတ်ကျကျ စီမံခန့်ခွဲနိုင်ရန် အစားအစာထုတ်လုပ်မှုကို ပြန်လည်ဒီဇိုင်းဆွဲသည့် နည်းလမ်းတစ်ခုဖြစ်သည်။ စီးပွားရေးလုပ်ငန်းများအတွက် အဓိကမေးခွန်းမှာ “ဒီထုတ်ကုန်ကို ငါတို့ process လုပ်နိုင်သလား” ဆိုတာတင်မဟုတ်တော့ဘဲ “အရင်းအမြစ်အသုံးပြုမှု လျှော့ချပြီး အလေအလွင့်နည်းနည်းနဲ့ တန်ဖိုးပိုမိုထိန်းသိမ်းကာ process လုပ်နိုင်သလား” ဆိုတာ ဖြစ်လာသည်။








ယခုကမ္ဘာကြီးတွင် စိုက်ပျိုးရေးနှင့် အစားအစာစနစ်များ (Agrifood systems) သည် တိုးပွားလာနေသော ကမ္ဘာ့လူဦးရေကို ကျွေးမွေးနိုင်ရန် ဖိအားများနှင့် ရင်ဆိုင်နေရပြီး တစ်ချိန်တည်းမှာပင် သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို လျှော့ချရန် လိုအပ်နေသည်။ ကမ္ဘာလုံးဆိုင်ရာ ရေချိုအသုံးပြုမှု၏ ၇၀% ခန့်သည် စိုက်ပျိုးရေးကဏ္ဍမှဖြစ်ပြီး အစားအစာစနစ်များသည် ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုတွင် ကြီးမားသောရာခိုင်နှုန်းဖြစ်ကြောင်း green supply-chain ရင်းမြစ်က ဖော်ပြထားသည်။ Processing, transport, packaging နှင့် retail တို့သည် ယင်းသက်ရောက်မှု၏ အရေးပါသော အစိတ်အပိုင်းများဖြစ်သည်။ အစားအစာဆုံးရှုံးမှုနှင့် စွန့်ပစ်မှု (food loss and waste – FLW) သည် ကမ္ဘာလုံးဆိုင်ရာ GHG ထုတ်လွှတ်မှု၏ ၈% ထက်မက တာဝန်ရှိကြောင်းကိုလည်း အလေးပေးဖော်ပြထားသည်။ ဤအချက်အလက်များသည် sustainability သည် စီးပွားရေးလုပ်ငန်းကြီးများအတွက် food value chains တစ်လျှောက်လုံးတွင် မရှိမဖြစ်လိုအပ်သော အခြေခံလုပ်ငန်းစဉ် (operational requirement) ဖြစ်လာကြောင်း ရှင်းပြနေသည်။
Hien ၏ ၂၀၂၆ ခုနှစ် သုံးသပ်ချက်အရ green food processing သည် စွမ်းအင်လိုအပ်ချက်၊ ရေအသုံးပြုမှု၊ ဓာတုပစ္စည်းသုံးစွဲမှုနှင့် စွန့်ပစ်ပစ္စည်းများကို လျှော့ချပေးနိုင်ပြီး အာဟာရနှင့် အာရုံခံအရည်အသွေး (sensory quality) ကို ထိန်းသိမ်းပေးနိုင်သော နည်းပညာနှင့် မဟာဗျူဟာများအဖြစ် ရှုမြင်သည်။
ထင်ရှားသော နည်းပညာ (၅) ခုမှာ
- Ultrasound processing
- High-pressure processing (HPP)
- Pulsed electric field (PEF)
- Cold plasma
- Supercritical carbon-dioxide extraction (SC-CO₂) တို့ဖြစ်သည်။
၎င်းနည်းပညာများသည် energy efficiency, renewable energy, cold-chain management, sustainable packaging, waste-to-energy systems နှင့် data-driven logistics တို့နှင့် ချိတ်ဆက်လုပ်ဆောင်မှသာ ပိုမိုထိရောက်နိုင်မည်ဟုတွေ့ရသည်။
“Green Processing” ဆိုသည်မှာ ဘာကိုဆိုလိုသနည်း
Green processing ကို နည်းပညာတစ်ခုတည်းအနေဖြင့်ထက် design principle တစ်ခုအနေဖြင့် နားလည်ရန်ဖြစ်သည်။ Pasteurization, sterilization, evaporation နှင့် drying ကဲ့သို့သော သမားရိုးကျ အပူပေးလုပ်ငန်းစဉ်များ (thermal operations) သည် အစားအစာစနစ်များစွာတွင် မရှိမဖြစ်လိုအပ်နေဆဲဖြစ်သော်လည်း၊ ၎င်းတို့သည် စွမ်းအင်အလွန်အကျွံသုံးစွဲရပြီး အပူဒဏ်မခံနိုင်သော အာဟာရများ၊ အရောင်များ၊ အရသာများနှင့် ဇီဝတက်ကြွဒြပ်ပေါင်းများ (bioactive compounds) ကို ပျက်စီးစေနိုင်သည်။ Green ချဉ်းကပ်မှုများသည် လိုအပ်သော processing ရည်ရွယ်ချက်များ (microbial safety, preservation, extraction, drying, texture modification သို့မဟုတ် sanitation) ကို အောင်မြင်ရန်အတွက် ပိုမိုညင်သာသောအခြေအနေများ (milder conditions)၊ ပိုတိုတောင်းသော treatment အချိန်များ၊ ဓာတုပစ္စည်းအသုံးပြုမှုနည်းပါးခြင်း၊ ပိုမိုကောင်းမွန်သော mass transfer သို့မဟုတ် အရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ ပြန်လည်ထုတ်ယူခြင်းတို့ကို အသုံးပြုရန် ရည်ရွယ်သည်။
အရေးကြီးသော စကားလုံးမှာ “system” (စနစ်) ဖြစ်သည်။ စက်ရုံတစ်ရုံသည် အဆင့်မြင့်စက်တစ်လုံး ဝယ်ယူရုံမျှဖြင့် sustainable ဖြစ်သည်ဟု မယူဆနိုင်ပါ။ စစ်မှန်သော စွမ်းဆောင်ရည်သည် energy source, water demand, cleaning system, raw-material yield, packaging, cold chain, maintenance, product losses နှင့် end-of-life waste တို့အပေါ်တွင် မူတည်သည်။ ထို့ကြောင့် Hien က နည်းပညာတစ်ခုကို ဓာတ်ခွဲခန်းတွင်း စွမ်းဆောင်ရည် သို့မဟုတ် processing မြန်နှုန်းတစ်ခုတည်းဖြင့် အကဲဖြတ်မည့်အစား life-cycle assessment (LCA), life-cycle costing (LCC) နှင့် social life-cycle assessment (S-LCA) တို့ကို အသုံးပြုရန် အကြံပြုထားသည်။
Green Food Manufacturing ကို ပုံဖော်နေသော နည်းပညာ (၅ )ခု
| နည်းပညာ | အလုပ်လုပ်ပုံ | အဓိကအသုံးပြုမှုများ | အကျိုးကျေးဇူး) | ကန့်သတ်ချက်မျာ) |
| Ultrasound | Cavitation; mass transfer ကို ပိုမိုကောင်းမွန်စေခြင်း | Extraction; drying; emulsification | Solvent/အချိန် လျှော့ချနိုင်ခြင်း; by-products များ၏ တန်ဖိုးကို မြှင့်တင်ပေးခြင်း | Scale-up ပြုလုပ်ရာတွင် တူညီမှုရှိရန်ခက်ခဲခြင်း |
| HPP | Uniform hydrostatic pressure သုံးခြင်း | Juices; RTE foods; seafood; dairy | လတ်ဆတ်မှုအရည်အသွေး (Fresh-like quality); ပိုမိုရှည်လျားသော shelf life | Capital cost မြင့်မားခြင်း; batch operation သာရခြင်း |
| PEF | Short electric pulses ဖြင့် electroporation ပြုလုပ်ခြင်း | Liquid foods; extraction | အပူချိန်နည်းပါးခြင်း (Low heat); လျင်မြန်သော treatment | များသောအားဖြင့် pumpable foods အတွက်သာ ရခြင်း |
| Cold plasma | Mild temperature တွင် Reactive species များထုတ်လွှတ်ခြင်း | Surface sanitation; produce; packaging | Chemical sanitizer အသုံးပြုမှု လျှော့ချနိုင်ခြင်း | Standards နှင့် regulation သတ်မှတ်ချက်များ |
| SC-CO₂ | Supercritical CO₂ အသုံးပြုခြင်း | Oils; bioactives | Low solvent residue | High-pressure cost |
1. Ultrasound: using cavitation to do more with less
Ultrasound သည် 20 kHz အထက်ရှိသော အသံလှိုင်းများကို အသုံးပြုခြင်းဖြစ်သည်။ အရည်များတွင် acoustic cavitation ဟုခေါ်သော ဖြစ်စဉ်ဖြင့် mass transfer ကို တိုးတက်စေပြီး အပူပေးစရာမလိုဘဲ အပင် (သို့မဟုတ်) microbial cells များကို ဖြိုခွဲနိုင်သည်။ ၎င်းကို polyphenols, carotenoids, ဆီများ၊ ပရိုတိန်းများ ထုတ်ယူရန်နှင့် emulsification, drying တွင် အသုံးပြုသည်။
2. High-pressure processing (HPP): safety with a fresher quality profile
HPP သည် 100 မှ 600 MPa ဝန်းကျင်ရှိ hydrostatic pressure ကို အသုံးပြုကာ သမားရိုးကျအပူပေးခြင်းမျိုးမပါဘဲ ဘက်တီးရီးယားများကို သေစေသည်။ ၎င်းသည် ဗီတာမင်များနှင့် အရသာများကို ထိန်းသိမ်းပေးပြီး သစ်သီးဖျော်ရည်များ၊ အသင့်စားအသားများ၊ ပင်လယ်စာများနှင့် နို့ထွက်ပစ္စည်းများတွင် အသုံးပြုသည်။ HPP သည် chemical preservatives များကို လျှော့ချပေးပြီး shelf life ကို ပိုရှည်စေသည်။
3. Pulsed electric field (PEF): electroporation for liquids and extraction
PEF သည် အလွန်တိုတောင်းသော high-voltage electric fields (10–80 kV/cm) ကို အသုံးပြုပြီး cell membranes များတွင် (electroporation) အပေါက်ငယ်များဖြစ်စေသည်။ ဖျော်ရည်များနှင့် plant-based အချိုရည်များ၊ အရည်ထုတ်ကုန်များ (pumpable foods) အတွက် အထူးသင့်လျော်သည်။
4. Cold plasma: reducing chemicals in sanitation and surface treatment
Cold plasma သည် ambient temperature တွင် gas ကို partially ionizing လုပ်ကာ reactive oxygen နှင့် nitrogen species များကို ထုတ်လွှတ်ခြင်းဖြစ်သည်။ ၎င်းကို fresh produce, food-contact materials နှင့် packaging များ၏ မျက်နှာပြင်သန့်စင်ခြင်း (surface decontamination) အတွက် သုံးနိုင်ပြီး ဓာတုဆေးများ (ဥပမာ- ကလိုရင်း) သုံးစွဲမှုကို လျှော့ချပေးသည်။
5. Supercritical CO₂ (SC-CO₂): extracting high-value compounds with fewer organic solvents
CO₂ သည် 31.1 °C နှင့် 7.38 MPa အထက်တွင် supercritical state သို့ရောက်ရှိပြီး ဆီများ၊ အနံ့များနှင့် ဇီဝတက်ကြွဒြပ်ပေါင်းများကို mild temperatures တွင် ထုတ်ယူနိုင်စွမ်းရှိသည်။ CO₂ ကို ပြန်လည်အသုံးပြုနိုင်ပြီး solvent residue အနည်းငယ်သာကျန်ရှိသဖြင့် အကောင်းဆုံး green extraction နည်းပညာတစ်ခုဖြစ်သည်။
Green Processing သည် သမရိုးကျ စက်ရုံတွင်းထုတ်လုပ်မှုလုပ်ငန်းစဉ်များထက် ပိုမိုနက်နဲသည်။
ဒုတိယရင်းမြစ်အရ “green processing” ထက်ပိုမိုကျယ်ပြန့်သော “green supply chains” ကို ဆွေးနွေးထားသည်။
- • Energy and water efficiency: ရေသုံးစွဲမှုနည်းသော သန့်ရှင်းရေး၊ ရေပြန်လည်အသုံးပြုမှု၊ အပူပြန်လည်ရယူမှု နှင့် ထုတ်လုပ်မှုလိုင်းဒီဇိုင်းကောင်းမွန်မှုတို့သည် အဆင့်မြင့်နည်းပညာများမသုံးမီကပင် ကုန်ကျစရိတ်များကို သက်သာစေနိုင်သည်။
- • Renewable energy: နေရောင်ခြည်၊ လေ နှင့် ဇီဝဒြပ်စင် (biomass) တို့သည် ရုပ်ကြွင်းလောင်စာစွမ်းအင်အပေါ် မှီခိုမှုကို လျှော့ချပေးနိုင်သည်။
- • Food loss and waste: ပိုမိုကောင်းမွန်သော တစ်ကိုယ်ရေသန့်ရှင်းမှု၊ အရည်အသွေးစနစ်များ၊ ရေခဲသေတ္တာ၊ သိုလှောင်မှု၊ ထုပ်ပိုးမှုနှင့် cold-chain စီမံခန့်ခွဲမှုတို့သည် မလိုလားအပ်သော ဆုံးရှုံးမှုများကို ကာကွယ်ပေးသည်။
- • Sustainable packaging: အစားအစာများကို ထိရောက်စွာ ကာကွယ်ပေးပြီး ပြန်လည်အသုံးပြုနိုင်သော (reuse, recyclability) သို့မဟုတ် circularity ရှိသော ထုပ်ပိုးမှုများ ဖြစ်ရမည်။
- • Distribution and analytics: လမ်းကြောင်းများ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ခြင်း၊ ထိရောက်သော ဂိုထောင်လုပ်ငန်းစဉ်၊ modern cold chains နှင့် data-driven analytics တို့ဖြင့် စွမ်းအင်သုံးစွဲမှုကို လျှော့ချနိုင်သည်။
Circularity: “စွန့်ပစ်ပစ္စည်းဖျက်ဆီးခြင်း” မှ “အရင်းအမြစ် ပြန်လည်ရယူခြင်း”
Circular food economy သည် စွန့်ပစ်ပစ္စည်းများကို အကျိုးရှိရှိ မည်မျှကြာကြာ အသုံးပြုနိုင်သနည်းဟူသည်ကို မေးခွန်းထုတ်သည်။ အဓိကရည်ရွယ်ချက်မှာ အလေအလွင့်ကို ဦးစွာကာကွယ်ရန်၊ စားသုံးနိုင်သောပစ္စည်းများကို အစားအစာအဖြစ်သာ အသုံးပြုရန်၊ ရှောင်လွှဲမရသော by-products များကို တန်ဖိုးမြှင့်တင်ရန်နှင့် သင့်လျော်သော အကြွင်းအကျန်များမှသာ စွမ်းအင်ပြန်လည်ထုတ်ယူရန် ဖြစ်သည်။
နည်းပညာတစ်ခုသည် အသစ်ဖြစ်ရုံဖြင့် “Green” မဖြစ်နိုင်ပါ
Emerging technologies များသည် ရေနှင့် ဓာတုပစ္စည်းအသုံးပြုမှုကို လျှော့ချနိုင်သော်လည်း တချို့သည် မြင့်မားသော လျှပ်စစ်စွမ်းအင်၊ အထူးပြုဓာတ်ငွေ့များ သို့မဟုတ် ငွေကြေးရင်းနှီးမြှုပ်နှံမှုများစွာ လိုအပ်သည်။ ထို့ကြောင့် “Green” ဖြစ်ခြင်းကို မှန်းဆရုံသာမဟုတ်ဘဲ သေချာစွာ တိုင်းတာတွက်ချက်ရမည်။
မြန်မာနိုင်ငံရှိ အစားအစာလုပ်ငန်းများအတွက် မည်သို့သက်ရောက်နိုင်သနည်း။
မြန်မာနိုင်ငံအတွက် အကောင်းဆုံးသင်ခန်းစာမှာ လုပ်ငန်းတိုင်း ချက်ချင်း HPP, PEF သို့မဟုတ် supercritical extraction စက်များကို ဝယ်ယူရန် မဟုတ်ပါ။ SME အများစုသည် resource mapping (လျှပ်စစ်၊ လောင်စာ၊ ရေ၊ ကုန်ကြမ်းဆုံးရှုံးမှု၊ သန့်ရှင်းရေးဓာတုပစ္စည်းများနှင့် စွန့်ပစ်ပစ္စည်းများကို တိုင်းတာခြင်း) မှ စတင်သင့်သည်။
ဒုတိယအဆင့်အနေဖြင့် ကုန်ကျစရိတ်နည်းပါးသော တိုးတက်မှုများဖြစ်သည့် ကြိုတင်ပြင်ဆင်မှုထိန်းသိမ်းခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုဇုန်များ သတ်မှတ်ခြင်း၊ အပူပြန်လည်အသုံးပြုခြင်း၊ မှန်ကန်သော အအေးခန်းသိုလှောင်မှုနှင့် ဝန်ထမ်းလေ့ကျင့်ရေးများကို လုပ်ဆောင်သင့်သည်။ ထိုအရာများပြီးမှသာ အဆင့်မြင့်နည်းပညာများကို မိမိတို့၏ ထုတ်ကုန်နှင့် ဈေးကွက်အပေါ်မူတည်၍ ရွေးချယ်သင့်သည်။
Green processing ဆိုသည်မှာ ခေတ်အမီဆုံးစက်များကို အပြိုင်အဆိုင်တင်သွင်း အသုံးပြုခြင်းသက်သက်မဟုတ်ပဲ ဘေးကင်းပြီး အရည်အသွေးမြင့်မားသော အစားအစာများကို စွမ်းအင်၊ ရေ၊ ဓာတုပစ္စည်းနှင့် အလေအလွင့်အနည်းဆုံးဖြင့် ထုတ်လုပ်နိုင်ရန် စည်းကမ်းတကျ ကြိုးပမ်းအားထုတ်မှုဖြစ်သည်။
ရှေ့အနာဂတ်အလားအလာ: Green Processing နှင့် Digital Manufacturing ပေါင်းစပ်ခြင်း
အနာဂတ် အစားအစာထုတ်လုပ်မှုသည် AI, machine learning, digital twins, AIoT sensors များနှင့် ချိတ်ဆက်လုပ်ဆောင်လာနေပြီဖြစ်သည်။ ရည်ရွယ်ချက်မှာ နည်းပညာများ ပိုမိုရှုပ်ထွေးလာစေရန်မဟုတ်ဘဲ ကုန်ပစ္စည်းအတွက် အမှန်တကယ်လိုအပ်သော စွမ်းအင်နှင့် သွင်းအားစုများကိုသာ အတိအကျ အသုံးပြုရန်ဖြစ်သည်။ လုပ်ငန်းစဉ်အကောင်းဆုံးဆိုသည်မှာ ကုန်ကျစရိတ်မရွေး အရေအတွက်အများဆုံးထုတ်လုပ်နိုင်ခြင်း မဟုတ်တော့ဘဲ၊ ထုတ်လုပ်မှုစက်ဝန်းတစ်လျှောက်လုံး အလေအလွင့်ကို အနည်းဆုံးဖြစ်စေပြီး အရည်အသွေးနှင့် ဘေးကင်းမှုကို အကောင်းဆုံးပေးစွမ်းနိုင်ခြင်းပင် ဖြစ်သည်။
၀ဏ္ဏကျော်
Ph.D Scholar
FIBNH, FFANR, AIT
Thailand
Selected References and Source Material
Hien, N. T. T. (2026). Green Processing Technologies for Sustainable Food Manufacturing: Current Advances, Industrial Applications, and Future Perspectives. European Journal of Innovative Studies and Sustainability, 2(5), 1–16.
Chemat, F., et al. (2017). Review of green food processing techniques: Preservation, transformation, and extraction. Innovative Food Science & Emerging Technologies, 41, 357–377.
Food and Agriculture Organization of the United Nations. (2023). The State of Food and Agriculture 2023: Revealing the true cost of food to transform agrifood systems.
Wang, Y., Li, X., & Zhang, H. (2024). Benefits and challenges of food processing in the context of food systems, value chains and sustainable development goals. Trends in Food Science & Technology, 146, 104484.
Leave a comment